Toward Democracy, Human Rights and Federalism

Friday, February 3, 2012

Structure of National Coalition Government of the Union of Burma (NCGUB)

http://www.ncgub.net/mediagallery/download.php?mid=20070512124521342

Prime Minister Dr. Sein Win
Minister for Federal and Ethnic Affairs Khon Manko Ban
Minister for Foreign Affairs U Bo Hla-Tint
Minister for Information and Public Relations Dr. Tint Swe
Minister of the Prime Minister's Office U Win Hlaing
Minister for Labor Affairs Khun Myint Tun
Minister for Education U Tun Win

Dr Sein Win was re-elected as prime minister after elected representatives cast their secret ballots at the Fourth Congress of the Members of Parliament Union in Malahide, Ireland, on 23 January 2009.

Dr Sein Win nominated six elected representatives as members of his Cabinet and the MPU Congress also confirmed their nominations through secret ballots.

Institutions NCGUB established

Democratic Voice of Burma (DVB) was established on July 19, 1992 funded by Norwegian Government. Prime Minister Dr. Sein Win has been a member of the Board of Directors. Later, DVB became an independent radio station.

National Health and Education Committee (NHEC), providing health and education assistance to ethnic nationalities and schools, was established and it has been closely working with NCGUB until now.

Euro-Burma Office (EBO) was established and it has been providing programs, financial and logistics to ethnic and political organizations. It is also became an independent EBO office in Europe.

National Reconciliation Program was established under the EBO to reestablish mutual understanding and reconciliation between different ethnic groups and factions with the aim to achieve unity among all ethnic groups.

The Burma Fund (TBF), think tank organization working for the NCGUB, was established. It has been publishing research papers and providing and consulting economic, political, and regional forums.

NOTE:
- U Win Hlaing submitted his resignation in 2011
- U Khun Myint Tun submitted his resignation in 2011
- U Tun Win resettled in the States in 2011

Read more...

NCGUB အမျိုးသားညွန့် ပေါင်းအစိုးရ၊ ဖြစ်ပေါ်-ပြောင်းလဲခြင်း အဆင့်ဆင့်

• ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ National Coalition Government of the Union of Burma (NCGUB) သည် (၁၉၉ဝ)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်တွင်း-ပြည်ပ လျှို့ဝှက်အစည်းအဝေး သဘောတူညီချက်များအား အခြေခံလျက်၊ လွတ်မြောက်နယ်မြေရှိ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF) နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) တို့၏ အခိုင်အမာ ကူညီထောက်ခံမှုဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

• ၁၈-၁၂-၁၉၉ဝ နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး၊ (မာနယ်ပလော)၌ ထုတ်ပြန်ကြေညာခဲ့ရာ “လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး အတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်းတည်ထောင်လိုက်သည်”ဟု ပါရှိသည်။

• ၁၈-၁၂-၁၉၉ဝ နေ့က ဖွဲ့သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များမှာ ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ဖြစ်ကြသည်။

• ၂၅-၄-၉၁ နေ့တွင် အမျိုးသားညွန့်ပေါင်းအစိုးရကို ပြင်ဆင်တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ဦးပီတာလင်းပင်၊ ဦးဝင်းကို၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦး၊ ဦးမောင်မောင်အေး၊ ဦးမြင့်မောင်၊ ဒေါက်တာစန်းအောင် နှင့် ဦးလှဦးတို့ဖြစ်ကြပြီး၊ အိန္ဒိယသို့ရောက်ရှိနေသော ဒေါက်တာတင့်ဆွေအား ၁၉၉၂တွင် အစိုးရ၏ အကြီးတန်းကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့သည်။

• ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောစာချုပ် ခေါ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်ကို အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ဥက္ကဌ စောဘိုမြ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဥက္ကဌ နိုင်ရွှေကျင်၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD/LA) အတွင်းရေးမှူး ဦးတင်အောင်တို့က လက်မှတ်ရေးထိုး ခဲ့ကြသည်။

• ၁၉၉၅ ခု၊ ဇူလိုင်လ (၁၆)ရက်မှ (၂၃)ရက်အထိ ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပထမအကြိမ် ညီလာခံကို ဆွီဒင်နိုင်ငံ၊ Bommersvik ၌ ကျင်းပခဲ့ပြီး၊ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ဝန်ကြီးအဖွဲ့သစ် ပြန်လည်ရွေးချယ် ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဝန်ကြီးများအဖြစ် ခွန်တယ်ဒီဘူးရီ၊ ဒေါက်တာတင့်ဆွေ၊ ဦးဘိုလှတင့်၊ ဒေါက်တာစန်းအောင်၊ ဦးမောင်မောင်အေး၊ ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဒေါက်တာဇလှယ်ထန်းနှင့် ဦးသာနိုးတို့ဖြစ်ကြသည်။ ညီလာခံကျင်းပနိုင်ရေးအတွက် (Olaf Palm International Centre) နှင့် (Norwegian Burma Council) တို့က အိမ်ရှင်အဖြစ် ဖိတ်ကြားခဲ့သည်။

• ၁၉၉၈ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့တွင် ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ်များက ၂၃၊ ၆၊ ၉၈ နေ့စွဲဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ (၂)လအတွင်း ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန် (နအဖ) သို့ တရားဝင် စာရေးသားတောင်းဆိုမှုကို လေးလေးနက်နက် ထောက်ခံကြောင်း ကြေညာခဲ့သည်။

• ၂ဝဝဝ ခု၊ အောက်တိုဘာလ (၂)ရက်မှ (၇)နေ့အထိ၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ညီလာခံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉)ဦး တက်ရောက်ခဲ့ကြသည်။ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာ စိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့ ပါဝင်ကြသည်။ ဦးမြဝင်းသည် အမေရိကန် ပြည်ထောင်စု၌ နိုင်ငံရေး ခိုလှုံခွင့်ယူပြီးနောက် အစိုးရအဖွဲ့တာဝန်မှ နားသဖြင့် ဒေါက်တာတင့်ဆွေ သည် ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူသည်။ ဦးမောင်မောင်အေးသည် ပညာ-ကျန်းမာဝန်ကြီး အဖြစ် ပြောင်းလဲထမ်းဆောင်သည်။

• ၂၅-၂-ဝ၂ မှ ၂-၃-ဝ၂ နေ့အထိ ဆွီဒင်နိုင်ငံ၊ ဗွန်မာစဗစ်မြို့၌ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ညီလာခံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦး တက်ရောက်ခဲ့သည်။ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း နှင့် ဝန်ကြီးများအဖြစ် ဒေါက်တာစန်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးမောင်မောင်အေး၊ ဦးဘိုလှတင့်၊ ဦးသာနိုး တို့ပါဝင်သည်။

• ၂ဝဝ၄ခုနှစ် မတ်လ (၂၁)မှ (၂၄) နေ့အထိ အမေရိကန်ပြည်ထောင်စု၏ ဝါရှင်တန်မြို့တော်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ညီလာခံကျင်းပရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂ဝ) ဦးတက် ရောက်ခဲ့ကြသည်။ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ဒေါက်တာစန်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ဦးဘိုလှတင့်၊ ဦးခွန်မားကိုဘန်းတို့ ပါဝင်ကြသည်။

• အဆိုပါညီလာခံမှ ဖွဲ့စည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဦးဆောင်ကော်မတီ Members of Parliament Union (MPU) Steering Committee တွင် ဥက္ကဌ ခွန်တယ်ဒီဘူးရီ၊ ဒု-ဥက္ကဌ ဦးပီတာလင်းပင်၊ အတွင်းရေးမှူး ဒေါ်စန်းစန်း၊ ကော်မတီဝင် ဦးမောင်မောင်လတ်နှင့် ဦးမောင်မောင်အေး တို့ပါဝင်ကြသည်။

• ၂ဝဝ၆ခုနှစ် ပြည်ထောင်စုနေ့၌ ဖက်ဒရယ်ဖွဲ့စည်းပုံအခြခံဥပဒေတွင် အခြေခံရမည့် မူကြီး(၈)ချက်ကို ပြည်ပရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။

• ၂ဝဝ၆ ခုနှစ် ဇူလိုင်လ (၁ဝ-၁၅)ရက်၊ အီတလီနိုင်ငံ၊ တူရင်မြို့ ILO International Turin Training Center ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စုံညီအစည်းအဝေးကျင်းပရာ သြစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နော်ဝေနိုင်ငံ၊ နယ်သာလင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆) ဦးတက် ရောက်ခဲ့ကြသည်။ တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သည်။ ဤဆိုပါ အစည်းအဝေးတွင် ဦးသိန်းဦးအား ဖွဲ့စည်းပုံနှင့်ဥပဒေရေးရာဝန်ကြီးအဖြစ်ထည့်သွင်းခဲ့သည်။ ခွန်တယ်ဒီဘူးရီသည် (MPU) ဥက္ကဌ တာဝန်မှ အနားယူခဲ့သည်။

• ၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီ (၁၄)မှ (၁၉)ရက်အထိ၊ ထိုင်း-မြန်မာနယ်စပ်၌ကျင်းပသော စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံ (ပဌမပိုင်း)သို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၂၄) ဦးတက် ရောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကို ပြန်လည်ရွေးကောက်တင်မြှောက်ရာ ဥက္ကဌအဖြစ် ဦးတက်ဒီဘူရီ၊ ဒု ဥက္ကဌ ဒေါ်စန်းစန်း၊ အတွင်းရေးမှူး ဦးသိန်းဦး၊ တွဲဖက် အတွင်းရေးမှူး ဦးခွန်မြင့်ထွန်း၊ ဦးဆောင်ကော်မတီ ဝင်များအဖြစ် ဦးလှဦး၊ ဦးနိုင်သောင်းရှိန်၊ ဦးဝင်းလှိုင်တို့ ရွေးချယ်ခြင်း ခံကြရသည်။

• ၂ဝဝ၉ ဇန္နဝါရီ (၂ဝ)မှ (၂၃)ရက်အထိ၊ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့အနီး၊ မာလာဟိုက်တွင် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံ (ဒုတိယပိုင်း)ကျင်းပပြီး၊ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းအား မဲပေးရွေးချယ်၍၊ ဝန်ကြီးများအားလည်း ပဌမဆုံးအကြိမ် မဲပေးအတည်ပြုခဲ့ရာ၊ ဦးဘိုလှတင့်အား နိုင်ငံခြားရေးဝန်ကြီး၊ ဒေါက်တာတင့်ဆွေအား ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဝန်ကြီး၊ ဦးခွန်မာကိုဘန်းအား ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးဝင်းလှိုင်အား ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ဦးခွန်မြင့်ထွန်းအား အလုပ်သမားရေးရာ ဝန်ကြီး နှင့် ဦးထွန်းဝင်း ပညာရေးဝန်ကြီးတို့ ပါဝင်ကြသည်။

• အဆိုပါညီလာခံမှ လစ်လပ်သွားသော MPU Steering Committee)နေရာများအတွက် ဦးမောင်မောင်အေး အား တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အဖြစ် ဦးအောင်ထွန်းစိန်တို့အား မဲပေးရွေးချယ်သည်။

• အဆိုပါညီလာခံမှပင် NCGUB အစိုးရတိုးချဲ့ရေးအတွက် ဆက်စပ်ညှိနှိုင်းရေးကော်မရှင်အား ဒေါက်တာင့်ဆွေ၊ ဦးထန်လျန်ပေါင်၊ ဦးပီတာလင်းပင်၊ ဦးခွန်မြင့်ထွန်းနှင့် ဦးမောင်မောင်အေး တို့ဖြင့် ဖွဲ့စည်းလိုက်သည်။

မာနယ်ပလောစာချုပ်
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးသဘောတူညီချက်

မြန်မာပြည်သည် လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသားလူမျိုးအသီးသီးတို့ နယ်မြေချင်းဆက်စပ်လျက် အတူတကွ အခြေချနေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်းဖြစ်သည်။
မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးအားလုံး၏ ဆန္ဒ ညီညွတ်မှုကိုအခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြစ်မြောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပေ။

ယခု မဆလ၊ နဝတ စသော မဟာလူမျိုးကြီးဝါဒကျင့်သုံးသည့် ဖက်ဆစ်အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင်လျက်ရှိသည်။

သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုအားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေးများရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်လိုကြသည်။

တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ဖွံဖြိုးတိုးတက်မှုရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ စစ်အာဏာရှင်ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ပင်ဖြစ်သည်။ ဤသို့သောအခြေအနေတွင် -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
(၃) မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ်
(၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု

အဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောဌာနချုပ်၌ အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။
၁။ မဟာလူမျိုးကြီးဝါဒကိုလည်းကောင်း၊ စစ်အာဏာရှင်စနစ်ကိုလည်းကောင်း၊ မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို ကျင့်သုံးသည့် နဝတအားလည်းကောင်း အဆုံးတိုင် အတူတကွ ဆန့်ကျင်တိုက်ဖျက်သွားမည်။`
၂။ နဝတစစ်အာဏာရှင်ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့အစည်းပေါင်းစုံ တက်ရောက်နိုင်သည့် စစ်မှန်သောအမျိုးသားညီလာခံကြီးကို ခေါ်ယူသွားမည်။
၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၏ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးအားလုံး၊ ပြည်သူလူထုတရပ်လုံး၏ ဆန္ဒ ညီညွတ်မှုကို အခြေခံ၍ ရေးဆွဲပြဋ္ဌာန်းသွားမည်။
၎။ မည်သည့်လူမျိုးကိုမျှ အခွင့်ထူးမပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စုအားလုံး၏ အခြေခံအမျိုးသားအခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှုမပြုရေးမူကို ကျင့်သုံးသွားမည်။
၅။ တိုင်းရင်းသားလူမျိုးအားလုံး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ဒီမိုကရေစီနှင့် အခြေခံလူ့အခွင့်အရေး အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမည်။

ထိုသို့တည်ဆောက်ရာတွင်
(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊
(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးပိုင်ခွင့်ရှိရေး၊
(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊
(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး၊
(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့် အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့် ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊
(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေးစသည့်အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။

ဒေါက်တာစိန်ဝင်း
ဝန်ကြီးချုပ်
အမျိုးသားညွန့်ပေါင်းအစိုးရ

ဦးတင်အောင်
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

စောဘိုမြ
ဥက္ကဋ္ဌ
မြန်မာပြည်ဒီမိုကရက်တစ်
မဟာမိတ်အဖွဲ့ချုပ်

နိုင်ရွှေကျင်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
၁၃၅၄ ခုနှစ်၊ ဝါခေါင်လဆန်း (၂) ရက်
၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်

Read more...

Democracy Publications


Read more...
  • Human Rights Manual (Source: HREIB)

Read more...

Burma 1947 Constitution, Burmese

Burma 1947 Constitution, Burmese (Source: BLC) http://www.ncgub.net/NCGUB/mediagallery/download214e.pdf?mid=20080124204434699

Read more...

Enviroment Publication

Deforestation in Burma (A Report By Global Witness), October 2003 http://www.ncgub.net/NCGUB/mediagallery/download4af9.pdf?mid=20080124085637219

Read more...

Nonviolence Publication

A Force More Powerful, Burmese Translation http://www.ncgub.net/NCGUB/mediagallery/downloadd4b1.pdf?mid=20080124203416874
Learn How to Do Non-Violence Activity

Read more...