Toward Democracy, Human Rights and Federalism

Thursday, February 2, 2012

Anniversary of 1990 Election and CRPP Report Launch

ဘန်ကောက်မြို့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ (၁၇) နှစ်မြောက် အထိမ်းအမှတ်
Friday, June 01 2007, 12:45 PM EDT
17th Anniversary of 1990 Multi-Party General Election Held in Bangkok
May 27, 2007--NCGUB Information Unit

The National Coalition Government of the Union of Burma (NCGUB), together with Thai Action Committee for Democracy in Burma (TACDB) and Alternative ASEAN-Burma, held a conference on May 27 at Student Christian Center (SCC) in Bangkok, Thailand to honor 17th anniversary of multi-party election in Burma.

Three speakers of the event were Dr. Sann Aung, Ms. Supatra Bhumiprabhas, journalist from the Nation newspaper, Khun Markoban, and Moe Zaw, NLD-LA. The conference also launched and distributed free copies of CRPP report, “The Policy Vision of CRPP: On the Reconstruction of Burma”. The report is a vision of Committee Representing People's Parliament (CRPP) and it is published by NCGUB information unit in honor of 17th anniversary election day, May 27.

ဘန်ကောက်မြို့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ (၁၇) နှစ်မြောက် အထိမ်းအမှတ်
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ (၁၇) မြောက် အထိမ်းအမှတ် အခမ်းအနားကို မေလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ ဘန်ကောက်မြို့ ဖယားထိုင်း လမ်း Student Christian Cente အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ပါသည်။ “၁၉၉ဝ ရွေးကောက်ပွဲ ပြီးနောက် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်မှု အခြေအနေ” ဟူသော ခေါင်းစဉ်အောက်တွင် ဟောပြောပွဲတရပ် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် နေးရှင်းသတင်းစာ မှ သတင်းစာဆရာမ ွကစေအမေ B့ကာငစမေဘ့ေ် က ျမန္မာ နအဖ စစ္အစိုးရ၏ ရွေးကောက်ပွဲ ကတိကဝတ် ပျက်ကွက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် ဒေသလုံခြုံရေးကို ထိပါးလာမှုများအကြောင်း ဆလိုက်ရှိုးပြကွက်များဖြင့် ရှင်းလင်းဟောပြောခဲ့သည်။

NLD/LA မှ နို်င်ငံခြားရေးတာဝန်ခံ ဦးမိုးဇော်ဦးက ‘မျက်မှောက်ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကျောင်းသား လူငယ်များ၏ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုများ’ အကြောင်း ဟောပြောခဲ့သည်။

ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မန်ကိုဘန်က ‘ထိုင်းမြန်မာနယ်စပ်ဒေသ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် တိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားမှု အခြေအနေ’ အကြောင်း ဟောပြောခဲ့သည်။

အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စန်းအောင်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) နှင့် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) တို့၏ “နိုင်ငံတကာနှင့် အာရှဒေသအတွင်း မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်ချက်များ” အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံအမျိဲုးသားညွန့်ပေါင်းအစိုးရက တာဝန်ခံပုံနှိပ်ထုတ်ဝေသည့် (ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး မူဝါဒရေးရာသုံးသပ်ချက်များ) "The policy vision of the CRPP: On the Reconstruction of Burma" စာအုပ်ကို အခမဲ့ ဖြန့်ချိခဲ့သည်။

ဤ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) က “မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး ထိုင်း လှုပ်ရှားမှုကော်မတီ” (TACDB) / Alternative ASEAN Network on Burma (ALTSEAN-BURMA) အဖွဲ့တို့နှင့်အတူ ပူးတွဲ၍ တာဝန်ယူ ကျင်းပ ခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားသို့ ထိုင်းနှင့် မြန်မာ အလုပ်သမားများ ကျောင်းသားများ အပါအဝင် ဧည့်ပရိသတ် ၁၅ဝ ခန့် တက်ရောက် အားပေးခဲ့ကြပါသည်။ တက်ရောက်လာသော ဧည့်သည်များအား ကော်ဖီ လဘက်ရေ မုန့်များဖြင့် ဧည့်ခံခဲ့ပါသည်။

တက်ရောက်လာသော ဧည့်ပရိသတ်များထဲမှ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စိတ်အားထက်သန်စွာ မေးမြန်းခဲ့ကြရာ ဒေါက်တာ စန်းအောင်၊ ဦးခွန်မန်ကိုဘန်နှင့် ဦးမိုးဇော်ဦးတို့က မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

No comments:

Post a Comment